Wednesday, October 20, 2010

ကထိန်သင်္ကန်းကပ်လှူပွဲ နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်အပေါင်းခင်ဗျား။

သံဃာတော်များအား အမှူးထား၍ မြန်မာနိုင်ငံသားများထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း (နော်ဝေ)မှ ၁၃၇၂ခုနှစ် သီတင်းကျွတ်လကွယ်နေ့တွင် ကထိန်သင်္ကန်း ကပ်လှူပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယခင်နှစ်များအတိုင်း အစဉ်အလာမပျက် ကျင်းပပြုလုပ်မည် ဖြစ်ပါ သည်။
မြတ်ဗုဒ္ဓကို ရည်စူး၍ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် သံဃာတော်များအား ဆွမ်း လောင်းလှူခြင်း အစီအစဉ်ကို မနက်ပိုင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ ထိုနောက် ကထိန်သင်္ကန်းကပ်လှူ၍ တရားတော်များကို အတူတကွနာယူကာ၊ ဆက်လက်၍ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အစီအစဉ်ကိုကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကထိန် သင်္ကန်း၊ လှူဖွယ် ၀ထ္ထုပစ္စည်းများအား တစ်ဦးခြင်းစီဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ဆက်ကပ် လှူဒါန်း ကုသိုလ်ဒါန ပြုနိုင်ကြ စေရန်အလို့ငှာ နှိုးဆော်ဖိတ်ကြားအပ်ပါသည်။ စေတနာရှင်များ အနေဖြင့် လည်း မိမိတို့၏ နေအိမ် များမှ ဆွမ်း၊ ဆွမ်းဟင်း၊ ခဲဖွယ်ဘောဇဉ် ၊ ချိုချဉ်ရသာ အဖုံဖုံကို ချက်ပြုတ် ယူဆောင် လာ၍ သံဃာတော်များ အားဆက်ကပ် လှူဒါန်းနိုင်ပါသည်။

ဓမ္မမိတ်ဆွေများ။
အော်စလိုမြို့တွင် ယခုလာမည့် နိုဝင်ဘာလ (၆)ရက်၊ စနေနေ့ကျင်းပမည့် ကထိန်ပွဲသို့ ကြွရောက်မည့် သံဃာတော်များမှာ-
Sørumsand မြို့မှ သံဃာ (၂)ပါး
Bergen မြို့မှ သံဃာ (၁)ပါး
ထိုင်းသံဃာတော် (၂)ပါး
အင်္ဂလန်မှသံဃာတော် (၁)ပါး
ဆွီဒင်မှသံဃာတော် (၁)ပါး ၊ စုစုပေါင်း သံဃာတော် (၇)ပါး ကြွရောက်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။





ကျင်းပမည့်အစီအစဉ်။

ရက်စွဲ။ ။ 6.nov 2010 (lørdag) သီတင်းကျွတ်လကွယ်နေ့ (စနေနေ့)
အချိန်။ ။ kl. 10 30 – kl. 14 00
နေရာ။ ။ Hovstua frivillighetssentral
Hovseterveien 84
0768 Oslo

ဆက်သွယ်ရန်။
(၁) ကိုအောင်ဆန်းညွန့် Mobil: 9482 9941
(၂) ကိုသက်ထွန်းဦး Mobil: 9846 5018
(၃) မစန္ဒာသိန်း Mobil: 4135 8536
(၄) မနီနီအောင် Mobil: 9543 0561


အသင်းအမှုဆောင်ကော်မီတီ
မြန်မာနိုင်ငံသားများ ထေရ၀ါဒဗုဒ္ဓဘာသာအသင်း (နော်ဝေ)

Tuesday, October 19, 2010

အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ်ပွဲတော် ဖိတ်ကြားလွှာ

နော်ဝေနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေ အပေါင်းတို.ခင်ဗျား။



သံဃာတော်များအား အမှူးထား၍ မြန်မာနိုင်ငံသားများထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း (နော်ဝေ) မှ ၁၃၇၂ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို အော်လီ ဆွန်းမြို. (Ålesund) နှင့် ခရစ်စတီယာဆွန်း (krisitansund) မြို.တို.တွင် အောက်ပါ အစီအစဉ် အတိုင်း ကျင်းပပြု လုပ်မည် ဖြစ်ပါသည်။

နော်ဝေနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် ဓမ္မ မိတ်ဆွေများအနေဖြင့် အဘိဓမ္မာ အခါသာမယ တွင် ဥပုဒ်သီလဆောက်တည်ခြင်းနှင့် ကုသိုလ်တရား ပွားများ စေရန် အလို.ဌာ အကျိုးမျှော် နိုးဆော်လိုက်ရပါသည်။



အမှုဆောင်ကော်မတီ
မြန်မာနိုင်ငံသားများထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း (နော်ဝေ)

မြန်မာနိုင်ငံသားများ ဗုဒ္ဓဘာသာ မိသားစု ( အော်လီဆွန်း နှင့် ခရစ်စတီယာဆွန်း)



ကျင်းပမည့်အစီအစဉ်။



ရက်စွဲ။ ။ ၂၃.၁၀.၂၀၁၀ သီတင်းကျွတ်လပြည့်နေ့ (စနေနေ့)

အချိန်။ ။ နေ.လည် (၁၀) နာရီ

နေရာ။ ။ Ålesund Røde kors

Keiser Wilhelms gate 68

6003-Ålesund

ရက်စွဲ။ ။ ၂၄.၁၀.၂၀၁၀ သီတင်းကျွတ်လပြည့်ကျော် (၁) ရက် (တနင်္ဂနွေနေ.)

အချိန်။ ။ နေ.လည် (၁၀) နာရီ

နေရာ။ ။ At Oasen Kreativt Frivillig senter

Krisitansund.

ဆက်သွယ်ရန်။



Ålesund

ဒေါ်အေးအေးစိုး ၉၇ ၅၉ ၂၃ ၁၉

ကိုရန်နိုင် ၄၈ ၀၆ ၉၆ ၆၈

ကိုလင်းလင်း ၉၅ ၁၇ ၅၅ ၃၀

Krisitansund
ဦးလှိုင်မြင့်သိန်း ၉၀ ၇၁ ၈၇ ၆၈

ဦးထွန်းမောင် ၇၁ ၅၈ ၁၁ ၀၃

Monday, August 16, 2010

၂၀၀၉-၁၀ နှစ်ပတ်လည်အစည်းအဝေးမှ ရွေးချယ်တင်မြောက်ခဲ့သော အမှုဆောင်သစ်အမည်စာရင်း

၁။ ဦးစိုးမြင့် - ဥက္ကဌ
၂။ ကိုအောင်သူ - အထွေထွေအတွင်းရေးမှူး
၃။ မအေးအေးခိုင် - တွဲဖက်အထွေထွေအတွင်းရေးမှူး
၎။ ကိုသက်ထွန်းဦး - ဘဏ္ဍာရေးမှူး
၅။ ကိုအောင်ဆန်းညွန့် - စာရင်းကိုင်
၆။ မနီနီအောင် - အမှုဆောင်အဖွဲ့ ဝင်
၇။ မစန္ဒာ - အမှုဆောင်အဖွဲ့ ဝင်

ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ၂၀၀၉-၁၀နှစ်ပတ်လည်အစည်းအဝေးမှတ်တမ်း














Saturday, August 14, 2010

၂၀၀၉-၁၀ နှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသော အမှုဆောင်အဖွဲ့ ၏ အစီရင်ခံစာ

BTBA 2009-10 EC Report Final

BTBA 2009-10 Finance Report Final

BTBA_AuditReport2009Final

DBTBFregnskapet2009

Fordelingsnøkkel og fordelte summer for statstilskuddet kommunetilskuddet 2009

Donation Booking Burmese Final

Sistetransaksjoner12.08.10

Desember 2009

Desember 2008


Dbtbf (Btba) Statement

Donationlist2007-2010ForTempleFinal16May2010Upload

Friday, August 6, 2010

ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် နှစ်ပါတ်လည်အသင်းသားစုံညီအစည်းအဝေး ဖိတ်ကြားလွှာ

ဗုဒ္ဓဘာသာဝင်ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား

သံဃာတော်များ အားအမှူးထား၍ မြန်မာနိုင်ငံသားများထေရ၀ါဒဗုဒ္ဓဘာသာအသင်း (နော်ဝေ)မှ ၁၃၇၂ခုနှစ် ၀ါခေါင်လဆန်း(၄)ရက်နေ့ (သြဂုတ်လ. ၁၄ရက်. ၂၀၁၀)စနေနေ့ နံနက်၁၀နာရီတွင် ၀ါဆိုသင်္ကန်းကပ်လှူပွဲနှင့် နှစ်ပါတ်လည်အသင်းသားစုံညီအစည်းအဝေး ကိုအောက်ပါအစီအစဉ်အတိုင်းစတင်မည်ဖြစ်ပါသည်။

“မြတ်ဗုဒ္ဓ” ကိုရည်စူး၍ အတူတကွဆွမ်းတော်ကပ်လှူခြင်း၊ ဓမ္မစင်္ကြာရွတ်ဆိုခြင်း၊ ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ သီလယူ၊ တရားနာ၊ ရေစက်ချ အမျှအတမ်းပေးဝေခြင်းများကို နံနက်(၁၀း၃၀)မှ နေ့လည် (၁၃း၃၀)အထိပြုလုပ်မည်ဖြစ်ပါသည်။ နေ့လည် (၁၄း၀၀)နာရီမှ ညနေ(၁၆း၀၀)နာရီအထိ နှစ်ပါတ်လည်အသင်းသားစုံညီအစည်းအဝေးအစီအစဉ်ကို စတင် မည်ဖြစ်ပါသည်။

စေတနာရှင် များ အနေနှင့် မိမိတို့ နေအိမ်များမှနေ၍ သံဃာတော်များအား ဆွမ်းလောင်းလှူရန် ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ် တို့ကိုလည်းကောင်း၊ ဧည့်ပရိတ်သတ်များ အားကျွေးမွေး ရန် မုံပဲသရေစာ ထမင်:ဟင်းလျာများ ကိုလည်းကောင်း ချက်ပြုတ်ယူဆောင် လာနိုင်ကြပါသည်။

နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဘ၀ပေးအခြေအနေအရ နိုင်ငံရပ်ခြားတွင် နေထိုင်ရပါသော်လည်း မိမိတို့၏ ရိုးရာအစဉ်အလာ ယုံကြည်ကိုးကွယ်ရာတို့ကို အားလုံးမဟုတ်သည့်တိုင် တစိတ်ဒေသလုပ်ဆောင်၍ ကုသိုလ်ယူ ပိတိဖြာနိုင်ကြစေရန် အလို့ငှာ နိဗ္ဗာန်အကျိုးမျှော်၍ ကြိုတင်နှိုးဆော်လိုက်ရပါသည်။



ကျင်းပမည့်အစီအစဉ်

နေ့ရက်။ ။ ၁၄. ၀၈. ၂၀၁၀ (စနေနေ့)

အချိန် ။ ။ နံနက် (၁၀)နာရီမှ နေ့လည် (၁၆)နာရီအထိ

နေရာ ။ ။ ကိုလူမော်နေအိမ်အနီး (Hovseter 84 , 0768 Oslo)

ခရီးသွားလမ်းညွှန်။ ။ Oslo ဘူတာမှ T- bane linje 2 ကိုစီး၍ Hovseter ဘူတာတွင်ဆင်းပါ။

ဆက်သွယ်ရန်။ ။ ကိုလူမော် - ၄၁၆ ၈၉ ၃၀၉

ကိုအောင်ကျော်စိုး - ၄၈၂ ၈၄ ၂၀၃



မြန်မာနိုင်ငံသားများထေရ၀ါဒဗုဒ္ဓဘာသာအသင်း

Wednesday, June 2, 2010

ကျောင်းဝယ်ယူနိုင်ရေးအတွက် အလှူရှင်စာရင်း (Update)

Donationlist2007-2010ForTempleFinal16May2010Upload

Friday, May 21, 2010

ဗုဒ္ဓဘာသာအသင်းချုပ်မှ ကျင်းပသော Vesak-feringen ဗုဒ္ဓနေ့ ဖိတ်ကြားလွှာ

သို့ 
မြန်မာနိုင်ငံသားများထေရ၀ါဒဗုဒ္ဓဘာသာအသင်းဝင်များခင်ဗျာ

BF Buddhistforbundet ဗုဒ္ဓဘာသာအသင်းချုပ်မှ ကြီးမှူး၍ ဗုဒ္ဓနေ့ Vesak-feringen အခမ်းအနားကို လာမည့် မေလ ၂၇ ရက်နေ့ ကြာသာပတေးနေ့ ညနေ ၆ နာရီအချိန်တွင် အော်စလို့ မြို့ ထဲရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီရုံး Røde kors internasjonale senter, Hausmannsgata 7 တွင် ကျင်းပမည် ဖြစ်ပါသည်။

အခမ်းအနားသို့ နော်ဝေနိုင်ငံထဲရှိ ဗုဒ္ဓဘာသာအသင်းများမှ သံဃာတော်များ၊ ဧည့်သည်တော်များ၊ လူမျိုးစုံ ဗုဒ္ဓဘာသာဝင်များကို ဖိတ်ကြားထားပါသည်။ ဗုဒ္ဓဘာသာအသင်းချုပ်အနေဖြင့် အဆိုပါခမ်းမတွင် ပရိတ်သတ် ဦးရေ (၂၀၀) တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ မိမိတို့ Den burmesiske theravadabuddhistiske forening အသင်းအနေဖြင့် အဆိုပါ အခမ်းအနားသို့  တက်ရောက်ရန် (၁၅)ယောက် ခွဲတမ်းရထားပါသည်။

သို့ ပါ၍ အဆိုပါ ဗုဒ္ဓမွေးနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဆန္ဒရှိသော မိမိတို့ အသင်းဝင်များအနေဖြင့် အောက်ဖော်ပြပါ အမှုဆောင်အဖွဲ့ ဝင်များထံသို့ အမြန်ဆုံး အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ အခမ်းအနားတက်ရောက်ရန် စာရင်းသွင်းထားသူများအနေဖြင့် အခမ်းအနားသို့ ဝင်ခွင့်လက်မှတ်များကို မိမိတို့ အသင်း ဥက္ကဌ ကိုထွန်းလူထံတွင် ထုတ်ယူနိုင်ပါသည်။

လမ်းညွှန်
အောက်ပါလင့်ခ်ကို နှိပ်၍ ခန်းမတည်ရှိရာမြေပုံကို ကြည့်ရှုနိုင်ပါသည်။
အဆိုပါခမ်းမသည် Grønland နှင့် Brugata အနီးတ၀ိုက်တွင် တည်ရှိပါသည်။

http://kart.gulesider.no/query?profile=no&mop=yp&what=map&advert_code=Z0021UCW

အမှုဆောင်အဖွဲ့ ကိုယ်စား -
ဦးဝိသုဒ္ဓ (94245129)
ကိုထွန်းလူ (95810752)
ကိုလူမော် (41689309)
မနီနီအောင် (95430561)

Thursday, April 29, 2010

အသင်းဝင်များထံသို့  အသိပေးပန်ကြားလွှာ

မြန်မာနိုင်ငံသားများ ထေရ၀ါဒဗုဒ္ဓဘာသာအသင်း ( နော်ဝေ )၏ အသင်းဝင်များထံသို့  အသိပေးပန်ကြားလွှာ


အသင်းဝင်များခင်ဗျာ


၁။ မြန်မာနိုင်ငံသားများ ထေရ၀ါရဗုဒ္ဓဘာသာအသင်း(နော်ဝေ) ကို ၁၉ ရက် နိုဝင်ဘာ ၂၀၀၅ ခုနှစ်တွင် သံဃာတော် ၂-ပါးအား အမှူးထားပြီး စတင်တည်ထောင်ခဲ့ပါသည်။ ၂၃ ရက် ဒီဇင်ဘာ ၂၀၀၅ ခုနှစ်တွင် နော်ဝေနိုင်ငံ ဗုဒ္ဓဘာသာအသင်းချုပ် ( Buddhistforbundet )နှင့် စတင်ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ၁၃ ရက် နိုဝင်ဘာ ၂၀၀၇ ခုနှစ်တွင် မိမိတို့ (Den Burmesiske Theravadabuddhistiske Forening) အသင်းသည် အသင်းချုပ်ဧ။် လက်အောက်ခံ အသင်းအဖြစ် နော်ဝေနိုင်ငံ အသင်းပင်း မှတ်ပုံတင်ဌာန (Brønnøysundregistrene) မှ အသိအမှတ် ပြုအဖွဲ့ အစည်း ဖြစ်ခဲ့ပါသည်။ ထိုအချိန်မှစပြီး မိမိတို့ အသင်းသည် အသင်းချုပ်လက်အောက်ခံ အသင်းအဖြစ် အသင်းချုပ်မှ ချမှတ်ကျင့်သုံးသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ လိုက်ပါ ဆောင်ရွက်ရပါသည်။

၂။ မိမိတို့ အသင်းသည် အစိုးရမှ ထောက်ပံ့ငွေများမရရှိသေးသော အချိန်ကာလတွင် အသင်း ကော်မီတီ အဆက်ဆက်၏ မတည်ငွေ၊ အသင်းမှ ပြုလုပ်ကျင်းပသော ပွဲတော်များမှ အလူငွေကောက်ခံရရှိမှူများဖြင့် အသင်းကို လည်ပတ်ခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရအသိအမှတ်ပြု အသင်း စတင်ဖြစ်သည့်အချိန်မှစ၍ အစိုးရနှင့် ကွန်မြူးအဖွဲ့ တို့ မှ ထောက်ပံ့ကြေးကို အသင်းသား အရေအတွက်ပေါ်မူတည်၍ အသင်းချုပ်မှတဆင့် နှစ်စဉ်ရရှိခဲ့ပါသည်။ ထိုရရှိသော ထောက်ပံ့ကြေး ငွေများကို အသင်းချုပ်မှ ချမှတ်ထားသော ငွေကြေးသုံးစွဲမှူစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲ ရပါသည်။

၃။ ထောက်ပံ့ငွေရရှိပုံမှာ တနှစ်လျင် နှစ်ကြိမ်ဖြစ်ပြီး အစိုးရမှတကြိမ်၊ ကွန်မြူးအဖွဲ့  မှတကြိမ် ဖြစ်ပါသည်။ အသင်းဝင် တဦးလျှင် ခရိုနာ ( ၇၀၀ ) ဆိုသည်မှာလည်း ခန့် မှန်းပမာဏသာဖြစ်ပြီး အသင်းချုပ်၏ ရှင်းပြချက်အတိုင်းသာ မိမိတို့ မှ အသင်းဝင်များကို ပြန်လည်ရှင်းပြခြင်းဖြစ်ပါသည်။ ထို့ ကြောင့် နှစ်စဉ်ထောက်ပံ့ကြေးငွေကို တွက်ချက်ရာတွင် ( ၇၀၀ ) ခရိုနာဟူပြီး အတိအကျ တွက်ချက်၍မရနိုင်ပါ။ ထိုထောက်ပံ့ကြေးငွေခွဲတမ်းကိုလည်း အသင်းချုပ်မှသာ တိုက်ရိုက်စီမံ ခန့်  ခွဲပြီး မိမိတို့ အသင်းပိုင် ဘဏ့်အကောင့်သို့ လွှဲပြောင်းပေးသည့်အတွက် ထိုထောက်ပံ့ငွေကို မိမိတို့  အနေနှင့် လုံးဝပြင်ဆင်ခွင့်မရှိဘဲ နှစ်ချုပ်စာရင်းတွင် ဖေါ်ပြပေးရပါသည်။

၎။ နော်ဝေနိုင်ငံတွင် ကုမ္ပဏီဖြစ်စေ၊ အသင်းအဖွဲ့ ဖြစ်စေ နှစ်စဉ် ခရိုနာ ၁ သိန်းနှင့်အထက် ၀င်ငွေရှိပါက အစိုးရအသိအမှတ်ပြုစာရင်းစစ်အဖွဲ့ ထံသို့ နှစ်စဉ် ရ/သုံးငွေစာရင်းကို တင်ပြ အစစ်ဆေး ခံရပါသည်။ နှစ်စဉ် ငွေစာရင်းကို ဇန်န၀ါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့  အထိ သတ်မှတ်ထားပြီး တနှစ်စာ ရ/သုံးစာရင်းကို သုံးစွဲသည့် မူရင်းပြေစာအားလုံးနှင့်တကွ ရှေ့ နှစ် မတ်လ ၁ ရက်နေ့ တွင် အသင်းချုပ်သို့ တင်ပြရခြင်း၊ အသင်းချုပ်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်ကိုက်ညီသော ငွေစာရင်း ဖြစ်မဖြစ် စစ်ဆေးပြီးနောက် မိမိတို့  အသင်းအပါအ၀င် အသင်းချုပ်တွင်ပါဝင်သော အသင်းများအားလုံးဧ။်ငွေစာရင်းကို စာရင်းစစ် အဖွဲ့  ထံသို့ ဆက်လက် တင်ပြ အစစ်ဆေးခံရပါသည်။ စာရင်းစစ်အဖွဲ့ မှ ထိုငွေစာရင်းများ ကိုက်ညီမှန်ကန်မူရှိမရှိ စစ်ဆေး အတည်ပြုပြီးနောက် အစိုးရ ဌာနများသို့ ဆက်လက်တင်ပြပါသည်။

၅။ အစိုးရအဖွဲ့မှ ဆက်လက်အတည်ပြုပြီးနောက် စာရင်းစစ်အဖွဲ့ ထံသို့ ပြန်လည် အကြောင်းကြား ခဲ့ပြီး စာရင်းစစ်အဖွဲ့ မှ မိမိတို့ အသင်းထံသို့ ငွေစာရင်းကို အတည်ပြုကြောင်း ပြန်လည် အကြောင်း ကြားပါသည်။ ထို့ အပြင် အသင်းတိုင်း၏ ငွေစာရင်းအစီရင်ခံစာ၏အားသာချက် လိုအပ်ချက်များကို စာရင်းစစ်အဖွဲ့ မှ အကြံပြုရေးသားပေးပို့ ပါသည်။ အသင်းချုပ် လက်အောက်ခံအသင်းများ အားလုံး၏ ငွေစာရင်း Godkjent ဖြစ်မှသာ အသင်းချုပ်၏ငွေစာရင်းမှာလည်း စာရင်းစစ် အဖွဲ့ နှင့်အစိုးရ အတည်ပြုချက်ကို ရရှိနိုင်သည်ဖြစ်ပြီး လာမည့်နှစ်အတွက်ထောက်ပံ့ကြေးကို ဆက်လက်ရရှိမည်ဖြစ် ပါသည်။ စာရင်းစစ်အဖွဲ့ ၏အတည်ပြုချက်မရရှိသောအသင်းသည် လာမည့်ကာလအတွက် အစိုးရထံမှ ထောက်ပံ့ကြေးကို ရရှိလိမ့်မည်မဟုတ်ပါ။ မိမိတို့ အသင်းငွေစာရင်းမှာ Godkjent ဖြစ်ကြောင်း စာရင်းစစ်အဖွဲ့ အကြောင်းပြန်ကြားစာကိုလည်း ယခု ဧပြီလ ( ၂၃ ) ရက်နေ့ တွင် မိမိတို့  လက်ခံ ရရှိထားပြီးဖြစ်ပါသည်။ ထို့ ကြောင့် ငွေစာရင်းသုံးစွဲမှူမှာ အမှားမခံသော အခြေအနေဖြစ်သော ကြောင့် မိမိတို့ ငွေကြေးသုံးစွဲမူအပေါ် စိတ်ချယုံကြည်စေလိုပါသည်။

၆။ အသင်းစတင်တည်ထောင်ချိန်မှစ၍ အသင်းနှစ်ပတ်လည်အစည်းအဝေးကို တနှစ်တကြိမ် ကျင်းပခဲ့ပါသည်။ ထိုသင်းလုံးကျွတ်အစည်းအဝေးများတွင် အသင်း၏ဘဏ္ဍာငွေစာရင်းရှင်းတမ်း၊ အသင်းလုပ်ငန်းအစီရင်ခံစာများကို မြန်မာဘာသာဖြင့် ဖြန့် ဝေခဲ့ပါသည်။ နော်ဝေအစိုးရ သတ်မှတ် ထားသော တနှစ်စာငွေစာရင်းပုံစံကို မြန်မာဘာသာပြန်ရာတွင် များစွာအခက်အခဲရှိပါသည်။ သို့သော် နော်ဝေအစိုးရအသိအမှတ်ပြု စာရင်းစစ်အစီရင်ခံစာကို မိမိတို့ အနေနှင့် လာမည့် နှစ်ပတ်လည်အစည်းအဝေးနှင့် ညီလာခံတွင် တင်ပြအစီရင်ခံသွားမည်ဖြစ်ပါသည်။ အသင်းပိုင် ငွေကြေးသုံးစွဲမူမှာ သံဃ်ာတော်များအတွက် အိမ်လခ၊ ဆွမ်းကွမ်းဝေယျာဝစ္စစရိတ်၊ လျှပ်စစ် မီတာခ၊ ဆက်သွယ်ရေး၊ အခမ်းအနားခ၊ စာရင်းစစ်ခ စသည်တို့ အတွက်သာ အမှူဆောင် အဖွဲ့ ၏ ဆုံးဖြတ်ချက်အရ သုံးစွဲခဲ့ပါသည်။ အသင်းကော်မတီဝင်များအနေနှင့် အသင်းလုပ်ငန်း လည်ပတ် ရေးအတွက် ဆောင်ရွက်ရာတွင် အသင်းရံပုံငွေများမှ ထုတ်ယူသုံးစွဲခြင်း မပြုခဲ့ပါ။

၇။ မိမိတို့ လက်ခံရရှိခဲ့သော အသင်းဝင်လျှောက်လွှာများအားလုံးကို အသင်းချုပ်ထံသို့  ပေးပို့  ခဲ့ပြီး ဖြစ်သလို အသင်းဝင်ဖြစ်မဖြစ် ကိစ္စကိုလည်း ၂၀၀၉ မှစ၍ အဖွဲ့ ချုပ်မှ သက်ဆိုင်ရာ အသင်းဝင် ထံသို့ စာပို့ အကြောင်းကြားသည်ဟု သိရပါသည်။ မိမိတို့ အသင်းမှ တိုက်ရိုက်ပေးပို့  အကြောင်းကြားနိုင်ခြင်း မရှိပါ။ မိမိတို့ အသင်း၏ အသင်းဝင်စာရင်းကို ယခင်က အသင်းပိုင် အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားခဲ့သော်လည်း အသင်းချုပ်ဧ။်တားမြစ်ချက်ကြောင့် ပြန်လည်ဖြုတ်ချထားခဲ့ရပါသည်။ ပြီးခဲ့သည် ဧပြီလ ၂၄ ရက် ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားတွင် နောက်ဆုံးရရှိထားသော အသင်းဝင်စာရင်းကို အသေးစိတ်အချက်အလက်များဖြုတ်၍ ကြေညာထားခဲ့ပါသည်။ နောက်နောင်တွင်လည်း အသင်း၏အခမ်းအနားများတွင်သာ အသင်းဝင်စာရင်းကို ကြေညာသွားမည်ဖြစ်ပါသည်။ အကယ်၍ အသင်းဝင်ဖြစ်မဖြစ် သိလိုပါက အသင်း၏ နာယက ဆရာတော်တစ်ပါးဖြစ်သော အရှင်ဝိသုဒ္ဓ (Email: mgtin2001@gmail.com, Mobil: 94245129, 95427457) ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၈။ အသင်းမှကျင်းပသော ဘာသာရေးအခမ်းအနားများနှင့် ပွဲတော်များကို အသင်းပိုင် အင်တာနက် စာမျက်နှာမှတဆင့် အသင်းဝင်များကို အသိပေးဖိတ်ကြားခဲ့ပါသည်။ ထို့ အပြင် အခမ်းအနားများ တွင် စုဆောင်းထားသောအီးမေးလ်များမှတဆင့်လည်း ဖိတ်ကြားခဲ့ပါသည်။ နောက်နောင်လည်း အလားတူ အင်တာနက်နှင့်အီးမေးလ်မှ ဆက်လက်ဖိတ်ကြားသွားပါမည်။ အသင်းဝင်အားလုံးထံ သို့ တယ်လီဖုန်းမှသော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း ဖိတ်ကြားမည်ဆိုပါက အသင်းရံပုံငွေကို များစွာသုံးစွဲရမည်ဖြစ်သောကြောင့် တယ်လီ ဖုန်းနှင့် စာတိုက်တို့  မှတဆင့် ဖိတ်ကြားသွားမည်မဟုတ်ပါ။ ထို့ကြောင့် အသင်းဝင် များအနေနှင့် အသင်းပိုင် အင်တာနက် စာမျက်နှာ www.btbanorway.org ကို မကြာခဏ ၀င်ရောက်ကြည့်ရှုပါရန် မေတ္တာရပ်ခံ အပ် ပါသည်။ အကယ်၍ အသင်း၏အင်တာနက်စာမျက်နှာ အပြောင်းအလဲရှိပါက လက်ရှိသုံးစွဲနေသော အင်တာ နက်စာမျက်နှာနှင့် အီးမေးလ်များမှတဆင့် အသင်းဝင်များထံသို့  အကြောင်းကြား သွားပါမည်။ အသင်းသားများအနေဖြင့်လည်း အိမ်လိပ်စာပြောင်းခြင်းများ၊ အီးမေးလ်လိပ်စာ ပြောင်းခြင်းများကို အသင်းသို့ ဆက်သွယ်အကြောင်း ကြားသင့်ပါသည်။

၉။ အသင်းသားများအနေနှင့် အသင်းဧ။်ကောင်းကျိုးကို ရှေ့ ရှု၍ ဝေဖန်ထောက်ပြ အကြံပြု နိုင်ပါသည်။ အသင်းသားများ အနေနှင့် အသင်းသားရပိုင်ခွင့် အခွင့်အရေးဘောင်ထဲမှနေ၍ အသင်း ကော်မီတီဝင်များထံသို့ စာဖြင့်တိုက်ရိုက်ဖြစ်စေ၊ နူတ်ဖြင့်တိုက်ရိုက်ဖြစ်စေ၊ အပြုသဘောဆောင် ဆွေးနွေးနိုင်ပါသည်။ အမှူဆောင်များအနေနှင့်လည်း အသင်းသားများ၏ အပြုသဘော ဆောင်သော ဝေဖန်အကြံပြုစာများကို ကြိုဆိုပါသည်။ သို့ သော် အခြားမီဒီယာဝက်ဆိုက်များမှ တဆင့် အသင်းကောင်းကျိုး ဆိုးကျိုးများကို ထင်ယောင်ထင်မှားဖြစ်အောင် ပေးပို့  ရေးသားခြင်း များသည် အသင်း၏ ညီညွတ်ရေးကို ထိခိုက်နိုင်ပါသည်။ အသင်းဝင်များအနေဖြင့် သံဃာတော်များနှင့် အသင်းဧ။်ရေရှည်အကျိုးကို မျှော်ကိုး၍ အသင်းအပေါ် ပူးပေါင်းဆောင်ရွက်ကြပါရန် အမူဆောင်အဖွဲ့ အနေဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

၁၀။ သံဃာတော်များ သီတင်းသုံးနေထိုင်ရန် အသင်းအနေဖြင့် ဘုန်းတော်ကြီးကျောင်း ၀ယ်ယူရန်စီစဉ်ဆောင်ရွက်နေသည်ကို အသင်းဝင်များသိရှိပြီးဖြစ်ပါသည်။ အသင်းဝင်များထံမှ ကောက်ခံရရှိထားသောအလူငွေနှင့် အလူရှင်စာရင်းကို အသေးစိတ်တိုက်ဆိုင်စစ်ဆေးနေပြီး အတွင်းစာရင်းစစ်ထံသို့  ဆက်လက်တင်ပြသွားပါမည်။ ထိုသို့ စစ်ဆေးပြီးနောက် အသင်းပိုင် အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။ အသင်းဝင်များအနေဖြင့် အလူငွေ ထည့်ဝင်လိုပါက အသင်းပိုင် ဘဏ်အကောင့်ထဲသို့  တိုက်ရိုက်ထည့်ဝင်လူဒါန်းနိုင်ပါသည်။

၁၁။ အသင်း၏နှစ်ပတ်လည်အစည်းအဝေးနှင့် ညီလာခံကို လာမည့် ၀ါဆိုသင်္ဃန်းကပ်လှူပွဲ ပြုလုပ်မည့် ဇူလိုင်လနောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားပါသည်။ သံဃာတော်များ ရေရှည် ရပ်တည်နိုင်ရေးသည် အသင်း၏ တည်တံ့မှူနှင့် တိုးတက်မူအပေါ်တွင် များစွာ မူတည်နေသော ကြောင့် အသင်းအလုပ်အမူဆောင်အဖွဲ့ လုပ်ငန်း ဆောင်ရွက်မှူနှင့် အသင်းဝင်များ၏ ပူးပေါင်း ပါဝင်မှူသည် အထူးအရေးကြီးလှပါသည်။ ထို့ ကြောင့် အသင်းဝင်များအနေဖြင့် အဆိုပါ နှစ်ပတ်လည် အစည်းအဝေးနှင့်ညီလာခံတွင် စုံညီစွာတက်ရောက်၍ အသင်း၏ကောင်းကျိုး ဆိုးကျိုးများကို ဝေဖန်အကြံပြုကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။ အသင်းဝင်ဖြစ်ပြီး သူတိုင်းလည်း ဗုဒ္ဓသာသနာနှင့် အသင်း၏ အကျိုးစီးပွားကို အုပ်တချပ်သဲတပွင့် ထမ်းဆောင်သောအားဖြင့် အသင်းကော်မတီအဖြစ်
ဝင်ရောက်အရွေးချယ် ခံနိုင်ပါကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါသည်။


ထွန်းလူ

ဥက္ကဌ

မြန်မာနိုင်ငံသားများ ထေရ၀ါဒဗုဒ္ဓဘာသာအသင်း ( နော်ဝေ )

ဧပြီလ ၂၉ ရက်၊ ၂၀၁၀

Sunday, April 25, 2010

ကဆုန်လပြည့်ဗုဒ္ဓနေ့ အခမ်းအနားမှတ်တမ်း

အခမ်းအနားမှတ်တမ်းဓါတ်ပုံများ (၂၄၊၀၄၊၂၀၁၀)












ကဆုန်လပြည့်ဗုဒ္ဓနေ့


သာသနာနှစ် ၂၅၅၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို မေလ(၂၇)ရက်နေ့တွင် ကျင်းပလေ့ရှိကြသည်။ ဗုဒ္ဓနေ့ကို နိုင်ငံတကာရှိ ဗုဒ္ဓဘာသာဝင်တို့ကလည်း Visa Day ဟုခေါ်ဆိုလျှက် ကြီးကျယ်ခန်းနားစွာ ကျင်းပပြုလုပ်ကြသည် ။ ဗုဒ္ဓနေ့ဟုခေါ်ဆိုရခြင်းမှာ ပါရမီ(၁၀)ပါး အကျင့်တရားများကို ဖြည့်ကျင့်၍ ပြီးပြည့်စုံပြီးနောက်

၁။ မြတ်ဗုဒ္ဓ၏ ဖွားမြင်တော်မူသော နေ့ဖြစ်ခြင်း။
၂။ မြတ်ဗုဒ္ဓ၏ သစ္စာလေးပါးတရားကို ထိုးထွင်း၍သိကာ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူသည့် နေ့ဖြစ်ခြင်း။
၃။ မြတ်ဗုဒ္ဓ၏ ပရိနိဗ္ဗာန် စံဝင်တော်မူသည့် နေ့ဖြစ်ခြင်း ဆိုတဲ့အချက်တွေကို အာရုံပြုပြီး ဗုဒ္ဓနေ့ Visa Day ဟုခေါ်ဆိုကြခြင်းဖြစ်ပါသည် ။


နော်ဝေ နိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များကလည်း စုပေါင်း၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို မိမိတို့လုပ်ငန်းများ အားလပ်သောရက်ကိုရွေးပြီး ၂၄.၀၄.၂၀၁၀ နေ့တွင် ကြိုတင်ပြီး
Oslo မြို့ တော်တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြသည်။

အခန်းအနားကို ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့က "နမောတဿ" သုံးကြိမ် ရွတ်ဆိုပြီး အခန်းအနားကို ဖွင့်လစ်ခဲ့ကြပြီး
၁။ ဗုဒ္ဓမြတ်စွာအား ဆွမ်း၊ ပန်း၊ ရေချမ်း အစရှိသော လှူဖွယ်ဝတ္ထုများကို အတူတကွဆက်ကပ်လှူဒါန်းခြင်း၊
၂။ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့်ရောက်ရှိလာကြသော
ပရိသတ်များလည်း နေ့လယ်စာ သုံးဆောင်ခြင်း၊
၃။ အခန်းအနားသို့ ရောက်ရှိလာကြသော ဗုဒ္ဓဘာသာဝင်များက ဗုဒ္ဓမြတ်စွာအား ဓမ္မစင်္ကြာတရားတော်မြတ်ဖြင့် ရွတ်ဖတ်ပူဇော်ကြခြင်း ။
၎။ ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များထံမှ နိဗ္ဗာန်ရောက်ကြောင်းတရားများနှင့် ပရိတ်တရားတော်များ နာယူခြင်း ။
၅။ မိမိတို့ပြုလုပ်ခဲ့ကြသော ဗုဒ္ဓနေ့၏ ကုသိုလ်ကောင်းမှုအစုစုတို့ကို အမျှအတမ်းပေးဝေခြင်း အစရှိသည်တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည် ။